Monday, 15 June 2015

MIUI V 6 အတွက် Themes ( Third party apps ) များ APPLY ခွင့်ရယူခြင်း






Mi phone အတွက် Miui fourm ထဲက Themes ( mtz ) ပဲဖြစ်ဖြစ် တခြားဖုန်းမှ Copy ယူထားသော Themes mtz  ပဲဖြစ်ဖြစ် မိမိရဲ့ဖုန်း Theme app မှတဆင့် Apply လုပ်ကြချိန်မှာ သူ့ Policy အရ Apply ခွင့်မရပါဘူး။ 
ဒါကြောင့် အထက်ပါအဆင့်တွေကိုကျော်ပြီးသုံးချင်ရင် အောက်ပါနည်းလမ်းအတိုင်းလုပ်ပေးခြင်းဖြင့်ရနိုင် ပါတယ်။

( Paid Themes များလဲအခမဲ့ဒေါင်းယူပြီးသုံးနိုင်ပါတယ်။ )

လိုအပ်သော Tools များ

၁ . Xposed installer v 2.7.1

၂ . Paid theme

၃ . Theme authorization

၎ . iFont တို့ပဲဖြစ်ပါတယ်။ နည်းလမ်းများ

(မိမိရဲ့ဖုန်း Root ရှိထားဖို့လိုပါတယ်။)

Xposed installer 2.7.1 ကိုအရင် Install ပေးပါ။

Xposed ထဲဝင်ရင် သူ့ Framework စာမျက်နှာက အနီရောင်ပေါ်နေတာကိုမြင်မှာပါ။

Framework ထဲကိုဆက်ဝင်ကြည့်ပါ။

Install / update ကိုတချက်နှိပ်ပါ။

Root မရှိတဲ့စာတန်းပေါ်လာပါလိမ့်မယ်။

Dev rom သုံးထားတဲ့သူက ပြန်ထွက်ပြီး Security app ထဲသွားလိုက်ပါ။

Permission ကနေ Root access ကတဆင့် Xposed ကို Root access ရအောင် ၅ စက္ကန့် တစ်ကြိမ်           (၅ ကြိမ်)  နှိပ်ပေးရင် ရပါပြီ။

Security app ကနေပြန်ထွက်ပြီး Xposed ရဲ့ Framework ထဲမှာ Install /update ကိုပြန်နှိပ်ပါ။
 ပေါ်လာတဲ့စာတန်းမှာ YES ရွေးပါ။

ဖုန်း Reboot ဖြစ်ပြီး တခါပြန်ဖွင့်လာပါတယ်။

Stable rom သုံးထားတဲ့သူကျတော့ Install / update နှိပ်တဲ့အချိန်မှာ Supersu က Root 
access ပေးဖို့ တောင်းပါတယ်။

Grant ပေးလိုက်ပြီး YES နဲ့ နှိပ်ပေးရင် ဖုန်း Reboot ဖြစ်ပြီးတခါပြန်ဖွင့်လာပါတယ်။

iFont က Paid Theme တွေကိုအသုံးပြုချိန်မှာ Default ကိုပြန်မရောက်ဖို့အတွက်အထောက်အကူပေးတဲ့   ထောက်တိုင်လို့သတ်မှတ်လို့ရပါတယ်။

သူ့ကို Install ပြီးရင် Xposed ရဲ့ Moduels မှာ On ပေးထားဖို့ပါပဲ။

Paid theme, Theme authorization နဲ့ iFont တွေကို Install ပြီးရင် Xposed ရဲ့ Moduels မှာ On ပေးပြီး Xposed ရဲ့ 

Framework ကတဆင့် Reboot ကိုနှိပ်ပါ။

ဖုန်းပြန်ဖွင့်လာရင် Theme app ထဲဝင်ပြီး Paid Theme တွေကို အခမဲ့ Free ရယူသုံးစွဲနိုင်ပါပြီ။

မှတ်ချက်။ ။ xposed disabler cwm.zip

Xposed installer သုံးရင် Xposed disabler cwm.zip ကိုဆောင်ထားဖို့လိုပါတယ်။

တခါတရံ ဖုန်း Logo ရပ်နေတာမျိုး၊ ပြန်မဖွင့်လာတဲ့အချိန်မျိုးမှာ ဒီ Zip ဖိုင်ကို Recovery mode ကနေ Install zip > choose zip from sdcard ကတဆင့် Flash ပေးရင် ဖုန်းပြန်ဖွင့်လာပါတယ်။

ဒါကြောင့် Zip ဖိုင်ကို Explorer ရဲ့ Folder အပြင်မှာ အဆင်သင့်ဆောင်ထားပါ။

Xposed disable cwm.zip ဖိုင်ကို Flash ဖို့က သက်ဆိုင်ရာ ဖုန်းရဲ့ CWM သွင်းထားပေးရပါတယ်။

CWM မသွင်းချင်ရင် Xposed disable cwm.zip ကို Update.zip ဆိုပြီး Rename ပေးပြီးတော့ Explorer ရဲ့ Internal ( downloaded _ rom ) folder ထဲမှာထည့်ပေးထားဖို့လိုအပ်ပါတယ်။

{ Mi 3/4 များမှာသုံးထားတာ အဆင်ပြေပါတယ်။ တချို့ မရပါ။ }

{ မိမိကိုယ်တိုင်ဆုံးဖြတ်ပြီးမှလုပ်ပါ။ }

လိုအပ်သော Apps များအားအောက်ပါလင့်များတွင်ဒေါင်းယူပါ။

Xposed installer 2.7.1 
https://my.pcloud.com/publink/show?code=6FKitalK

Paid theme  
https://my.pcloud.com/publink/show?code=K5KitalK

Theme authorization 
 https://my.pcloud.com/publink/show?code=wHKitalK

iFont 
 https://my.pcloud.com/publink/show?code=rFKitalK

Xposed disable cwm.zip 
 https://my.pcloud.com/publink/show?code=9JKitalK

CWM recovery cancro for mi 3/4
https://my.pcloud.com/publink/show?code=cEwitalK


Credit To 

တောင်ပေါ်သား
Myanmar Mi Fans
 

No comments:

Post a Comment

Thank For Read My Blog.........