Tuesday, 9 June 2015

Xposed Tips

Xposed tips

Android မှာ system ပိုင်းကို ပြောင်းဖို့ ထိန်းချုပ်ဖို့ အတွက် နည်းတွေ software တွေများစွာရှိပါတယ်။ ဘာတွေပြောင်း ဘယ်လိုတွေထိန်းချုပ်တာလဲဆိုရင်.. အမြင်ပိုင်းလှဖို့ အသံပိုကောင်းဖို့ ဘက်ထရီကြာရှည်ခံဖို့ အပူလျော့ဖို့ စသဖြင့်ပေါ့။ အဲ့ဒါတွေအတွက်မရှိ မဖြစ်လိုတာက root ရှိနေဖို့ပါ။ system ကို ဝင်ပြင်ရပြောင်းရတာဖြစ်လို့ တစ်ခုခု လွဲခဲ့ရင် system တစ်ခုလုံး အလုပ်မလုပ်တာမျိုး ကြုံရမယ်။ ကိုယ့်ဖုန်းနဲ့ အဆင်ပြေ မပြေ မသိတဲ့အခါ စွန့်စားပြီးသုံးကြည့်ရတယ်။
xposed က အဲ့လိုမျိုးတွေမှာ ခေါင်းမကိုက်ရအောင် လုပ်ပေးတယ်။ xposed အကြောင်းရှင်းပြဖို့ android system ကို နည်းနည်းတော့ပြောရမယ်။ android phone တစ်လုံး power on လိုက်တာနဲ့ system အတွက် လိုအပ်တဲ့ instruction တွေကို သက်ဆိုင်ရာ file တွေကနေ ထုတ်ပြီး cache ပေါ်တင်လိုက်တယ်။ အဲ့လိုမလုပ်ရင် ကျနော်တို့ ဘာသုံးသုံး မိနစ်ဝက်လောက်စောင့်ပြီးမှ တက်လာတာမျိုးဖြစ်လိမ့်မယ်။ cache ပေါ်တင်ပြီးမှ instruction တွေကိုယူပြီး run တော့ ပိုမြန်သလို cpu ရဲ့ အလုပ်တစ်ခုသက်သာစေလို့ ဘက်ထရီလည်းသက်သာတယ်။
xposed က system file တွေကို တိုက်ရိုက်ဝင်မပြင်ဘူး။ cache ထဲက instruction တွေကိုပဲပြင်တာဖြစ်လို့ အဆင်မပြေ လွဲမှားခဲ့ရင် သက်ဆိုင်ရာ module ကို ပြန်ဖြုတ်ရုံနဲ့ system ကို နဂိုအတိုင်းပြန်ဖြစ်စေတယ်။ လိုအပ်ရင် clear cache လုပ် reboot လုပ်ရုံပဲ။
xposed သွင်းလို့မရတဲ့ ဖုန်းတွေလည်းရှိတယ်။ mi phone တွေမှာ အဲ့အတွက် xposed သွင်းဖို့ wsm tools ဆိုတာရှိတယ်။ wsm ဆိုတာ xposed ကို mi phone ထဲထည့်ပေးတဲ့ installer ပါ။ ဆိုတော့.. wsm = xposed ပေါ့။ wsm ရဲ့ developer site မှာလည်း xposed developer ကို credit ပေးထားပါတယ်။ wsm ကခုနောက်ပိုင်း update မထွက်တဲ့ အတွက် xposed ပဲအသုံးများလာကြတယ်။
နောက်ပြီး xposed ကသူ့ချည်းပဲ ဘာမှ မလုပ်ပါဘူး။ သူက framework တွေပဲထည့်ပေးတာ။ ဒါကြောင့် သူက framework installer ပါ။ အဓိက အလုပ်လုပ်တာ module တွေပါ။ ဆိုင်ရာ module တွေကိုထပ်မထည့်ပဲ သုံးလို့မရပါဘူး။ module အများစုကလည်း free တွေဆိုတော့.. တစ်နည်းပြောရရင် beta အဆင့်ပဲရှိကြတယ်.. ထောင် သောင်း ချီရှိတဲ့ ဖုန်းအားလုံး အဆင်ပြေမယ်လို့ အာမ မခံထားသလို တစ်ချို့ module တွေက တစ်ချို့ model တွေအတွက် သီးသန့်ဖန်တီးထားလို့ တစ်ခြား model တွေမှာ အဆင်မပြေနိုင်ပါ။
xposed က framework သွင်းတဲ့ခါ bootloop ဖြစ်တာမျိုးတွေရှိပါတယ်။ အဲ့အတွက် အကောင်းဆုံးနည်းက .. power on ပြီး ၂စက္ကန့် လောက်မှာ power key ကိုဖိထားပါ။ ဖုန်း တုန်သွားရင် နောက်ထပ် ၄ချက် ဆက်တိုက်နှိပ်ပေးပါ။ အချက်တိုင်း ဖုန်းတုန်ပြီး နောက်ဆုံးအချက်က နည်းနည်းကြာမယ်။ ခဏစောင့်လိုက်ပါ။ ဖုန်းပြန်တက်လာမယ်။ တစ်ချို့က ဘယ်လိုနှိပ်နှိပ် မတုန်ဘူးဆိုတာ timing မကိုက်လို့ပါ။ bootlader က framework တွေတင်ပီဆိုတာနဲ့ နှိပ်လို့ရမှာ မဟုတ်ဘူး။ mi အတွက်ဆိုရင်တော့ အတိအကျပြောရရင် mi logo ပေါ်ပြီး အောက်နားမှာ android စာတမ်းပေါ်တဲ့အချိန် power key ကိုစနှိပ်ပါ။
ဒီ ၅ချက်နှိပ်နည်းက xposed safe mode လို့ခေါ်ပါတယ်။ ဆိုတော့.. xposed ကြောင့် ဖြစ်တဲ့ bootloop ကိုပဲရှင်းနိုင်ပါတယ်။ ဖုန်းပြန်တက်လာရင် xposed သုံးလို့ရမှာ မဟုတ်ဘူး။ သုံးဖို့ သပ်သပ်ပြန်လုပ်ပေးရပါမယ်။
နောက်တစ်နည်းက xposed disabler သုံးတဲ့နည်းပါ။ ဒီနည်းက ဖုန်းရဲ့ recovery မှာ file ရွေးပေးနိုင်တဲ့ function ရှိရပါမယ်။ မရှိရင် xposed_disabler.zip ကို update.zip လို့နံမည်ပေးပြီး internal ထဲထည့်ထားခဲ့ဖို့ လိုပါမယ်။ firmware backup ကို update.zip ဆိုပြီးသိမ်းထားရင် တစ်ခု ဖျက်ပေးမှ တစ်ခု ထားလို့ရမယ်။ ကြိုက်တဲ့နည်းကိုသုံးပါ။



Credit To 

Heureux Nyan
Myanmar Mi Fans

No comments:

Post a Comment

Thank For Read My Blog.........