https://my.pcloud.com/publink/
မြန်မာဖောင့်ကို ဘာဖောင့်သုံးရမှန်းမသိသေးဘူးဆိုရင် ဒီဖောင့်လေးက အဆင်ပြေပါတယ်
https://my.pcloud.com/publink/
ဒီနည်းကတော့ Unicode Font Replacement ကို Root Explorer ကနေ မလုပ်ချင်တဲ့လူတွေအတွက် အလွယ်သုံးလို့ရအောင် လုပ်ထားတဲ့ APK လေးပါ.. သုံးရတာ လွယ်ပါတယ်
Install လုပ်ပီးသွားရင် app ကိုဖွင့်လိုက်ပါ ပထမဆုံးမြင်ရမှာကတော့ Basic…. Advance ဆိုတာကိုပါ… Advance ကိုရွေးပါ… Mi4i က Lollipop ဖြစ်တဲ့အတွက် အစားထိုးရမယ့်ဖောင့်က NotosansmyanmarUi စတဲ့ Font လေးမျိုးပါ
အဲဒီ့ဖောင့်တွေကိုထောက်ပီး ကိုယ်အစားထိုးမဲ့ဖောင့်ကို ရှိနေတဲ့နေရာရွေးပေးရပါမယ်… ဥပမာ.. ကိုယ်သုံးချင်တဲ့ဖောင့်က Download ထဲမှာဆိုရင် ပြင်မဲ့ဖောင့်ကို နှိပ်လိုက်တာနဲ့ Folder ရွေးရမယ့် Search box ပေါ်လာမယ် အဲဒီ့ကနေ Download ကိုရွေး ကိုယ်သုံးမဲ့ဖောင့်ကို ကလစ်ပေးလိုက်ပါ ရွေးလိုက်ပီဆိုတာ နဲ့ Reboot now… Reboot later ဆိုတာပေါ်လာမယ် Reboot later ကိုရွေးပါ အားလုံး လေးခုစလုံးကို ရွေး ပီးပီဆိုမှ Reboot now ကိုနှိပ်ပေးလိုက်ပါ
Reboot ပြန်တက်လာပီဆိုရင်တော့ နေရာတိုင်းမှာ ဇော်ဂျီဖောင့်ကို မြင်ရပါပီ… အခုဒီနည်းဟာ Update မပေးသေးတဲ့ကာလမို့ OTA Update ရမရဆိုတာတော့ မသိသေးပါ
(ဒီနည်းကိုသုံးမယ်ဆိုရင်တော့ အရင်ဆုံး advance ထဲကို ၀င်ပီးတာနဲ့ ဖောင့်မပြင်သေးခင် အရင်ဆုံး ကိုယ်ပြင်ရမယ့် သက်ဆိုင်ရာဖောင့် လေးခုစလုံးကို ကော်ပီလုပ်ပီး တခြားစိတ်ချရတဲ့နေရာမှာ သိမ်းထားပါ.. 0ta update မရခဲ့ရင် အော်ရီဂျင်နည်အတိုင်း ပြန်သုံးချင်ရင် အဲဒီ့ဖောင့်လေးတွေကို ပြန်ထည့်ပေးလိုက်ခြင်းအားဖြင့် အဆင်ပြေပါမယ်)
Credit To Original Uploader
No comments:
Post a Comment
Thank For Read My Blog.........