Tuesday, 9 June 2015

Redmi2 4G Firmware တင်နည်း



Firmware တင်ဖို့အတွက် Custom Recovery သွင်းရခြင်းမှာ မူလပါဝင်သော Mi Stock Recovery ထက် 

လုပ်ဆောင်ချက်များစွာ လုပ်နိုင်တဲ့အတွက်ဖြစ်ပါတယ်။
 

Custom recovery မသွင်းဘဲ firmware တင်နိုင်ပါတယ်။
Custom recovery သွင်းပါ

Firmware မတင်ခင် အရေးကြီးသော data, contacts များကို backup လုပ်ထားပါ။ ဖြစ်နိုင်ရင် full backup ကို twrp ကနေလုပ်ထားပါ။ full backup ကို sd card မှာသိမ်းပါ။ firmware ကို clean install လုပ်ရန်အတွက် internal storage ကို wipe လုပ်မှာဖြစ်လို့ backup ကို sd card မှာ သိမ်းရမှာဖြစ်ပါတယ်။ full backup လုပ်ထားခြင်းအားဖြင့် firmware တင်ခြင်းအဆင်မပြေပါက (or) ယခုလက်ရှိအခြေအနေကိုပြန်လိုချင်ပါက twrp မှ အလွယ်တကူ restore လုပ်နိုင်ပါတယ်။
မိမိတင်လိုသော firmware ကို download လုပ်ပြီး sd card မှာ ထည့်ပြီးပြီဆိုရင် firmware တင်ဖို့ twrp recovery ထဲသို့ဝင်ပါ။
 

Recovery သို့ဝင်ရန် နည်းလမ်းများ
... miui v5 > power off > power+vol down
... miui v6 > power off > power+vol up
...mobileuncle tool > into recovery mode
... updater>menu>reboot into recovery

 

Recovery ထဲရောက်သောအခါ clean install လုပ်ရန်အတွက် wipe ကို နှိပ်ပါ။ advance ကိုနှိပ်ပါ။ cache, system, internal တို့ကို check လုပ်ပါ။ sd card ( ext storage ) ကိုမရွေးပါနဲ့။ ပြီးရင် အောက်ဆုံးက slide bar ကို ဆွဲလိုက်ရင် wipe လုပ်ပါလိမ့်မယ်။ wipe complete ဖြစ်တဲ့အခါ back button နဲ့ main page ကိုပြန်ထွက်ပါ။
 

Install ကိုနှိပ်ပါ။ မိမိသိမ်းထားသော firmware ကိုရွေးပေးပါ။ install လုပ်ရန်အတွက် အောက်ဆုံးက slide bar ကို ဆွဲပေးပါ။
 

Install ပြီးဆုံးအောင်မြင်ကြောင်း successful ပြရင် firmware တင်ခြင်းပြီးဆုံးပါပြီ။ reboot system လုပ်ပါ။ Twrp အစား cwm လည်းသုံးလို့ရပါတယ်




Credit to Original Uploader



No comments:

Post a Comment

Thank For Read My Blog.........